
ကလော ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့၊အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာလူငယ်စကားဝိုင်းတွင်ကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းအေးအေးသန်း က အဖွင့်အမှာ စကားပြောကြားပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်များအသိပညာဗဟုသုတများတိုးပွားရရှိနိုင်စေရန်နှင့်အသိပညာများမျှ ဝေပေးနိုင်စေရန်၊လူငယ်များစကားပြောအတက်ပညာကျွမ်းကျင်စွာတက်မြောက်ပြီးလူအများ ရှေ့တွင်ရဲ့ဝံ့စွာစကားပြောဆိုတက်စေရန်နှင့်လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦးအသိပညာများဆွေးနွေးတိုင်ပင်ရာမှအတွေ့အကြုံကောင်းများစွာရရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည်ဖြို့ကြွယ်ကဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အဆိုပါကျောင်း မှ Grade 10 ကျောင်းသူ မနန်းခမ်းဦး က လူငယ်နှင့်စာဖတ်ခြင်း၊Grade – 10 ကျောင်းသူ မဇွန်သော်သော်ဟန် က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade – 11 ကျောင်းသား မောင်နန္ဒဝေယံ က လူငယ်နှင့်စာရိတ္တ၊Grade – 11 ကျောင်းသား မောင်မင်းခန့်ဇင် က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများ က ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာဒုတိယဦးစီးမှူးနှင့်ပါဝင်ဆွေးနွေးသူများကအသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါလူငယ်စကားဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး စသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး