ကလော ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဟဲဟိုးမြို့၊အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း ပညာရတနာခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့ မွန်းလွှဲ ၁ နာရီက က‌လောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ်ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့‌ ကြောင်းသိရသည်။
ရှေးဦးစွာ ကလောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကလေးအလုပ်သမားအဓိပ္ပာယ်၊ကလေးအလုပ်သမား၏အသက်အရွယ်၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များအားလည်းကောင်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယ ဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ် က လူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းများ၊လူငယ်များအနေဖြင့် စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုး ကျေးဇူးအ‌ကြောင်းတို့ကိုဟောပြောခဲ့ကြသည်။
ထို့နောက်ဟဲဟိုးမြို့အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ပညာရတနာခန်းမ‌ ရှေ့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး စသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး