
ပင်လောင်း ဩဂုတ် ၄
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီ ကျေးရွာနှင့် လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြို သဖြင့် စာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ ပြိုကျပျက်စီးမှုများကို ဩဂုတ်လ(၄)ရက် က သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ ထီပေါင်း ကျေးရွာအုပ်စု ထီဝါးလီကျေးရွာသို့ သွားရောက်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပေါ်မြေပြို ကျမှုကြောင့် လုံးဝပျက်စီးသွားသည့် ထီဝါးလီအခြေခံမူလတန်းကျောင်းအား ကြည့်ရှုခဲ့ရာ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာပြည်သူများနှင့် ညှိနှိုင်း ပေါင်းစပ်ပြီး ယာယီကျောင်းဆောင်ဆောက်လုပ် လိုအပ်သည်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခဲ့ ကြောင်း၊ ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ထီပေါင်းကျေးရွာအုပ်စု လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ပေါ်မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်များနှင့် တစ်စိတ် တစ်ပိုင်းပျက်စီးသည့် လူနေအိမ်များကို သွားရောက်ကြည့်ရှုခဲ့ကာ ကျေးရွာပြည်သူများ အမြန် ပြန်လည် နေထိုင်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက ပင်လောင်းမြို့ မွေတော်ဘုရားကြီးကျောင်းနှင့် မွေတော်ပရိယတ္တိစာသင်တိုက်တွင် ယာယီလာရောက်ခိုလုံ နေထိုင် သည့် လွယ်မောင်(အောက်ရွာ)နှင့် ထီဝါးလီကျေးရွာမှ ပြည်သူများအား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်များ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြိုမှုများဖြစ်ခဲ့ရာ လမ်းပေါ်သို့ မြေသားများ၊ ကျောက်တုံး များပိတ်ဆို့နေမှုများဖြစ်ခဲ့ကြောင်း၊ လမ်းများအလျင်အမြန် သွားလာနိုင်ရေးအတွက်နှင့် ပျက်စီး သွားသည့် စာသင်ဆောင်အပိုင်းအစများကို အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အရာရှိစစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး