
မောက်မယ် သြဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားကျောင်းသား/ကျောင်းသူလူငယ်လူ ရွယ်များ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသောအသိအမြင် ဗဟု သုတများကိုလူမှုဘဝတွင်ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ Book Club အသင်းနှင့်ကျောင်းသား/ ကျောင်းသူများ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သြဂုတ်လ(၂)ရက် နေ့လယ် ၂နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရ သည့်ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှအသိပညာ ဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကိုပြောကြားပြီး ဇာတ်လမ်းနှင့်သရုပ်ဖော် နေခြည် ရေးသားသော“ငြိမ်းချမ်းခြင်းဂေဟာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ တက်ရောက် လာသည့် Book Club အသင်းနှင့်ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များတို့က စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ပြီး သိရှိလိုသည့်အဓိပ္ပါယ်နှင့် အကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး