
တောင်ကြီး ဩဂုတ်-၁
၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၁)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားကွင်း၌ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နည်းပြဆရာများ၊ ပြိုင်ပွဲဝင်အသင်းများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး