
ကျိုင်းတုံ ဩဂုတ်-၁
လွိုင်မွေဒေသကျေးရွာ(၄)ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲကို ဩဂုတ်လ (၁) ရက် နံနက် (၁၀) နာရီတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ လွိုင်မွေရေကန်၌ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်-ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများနှင့်အတူတက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သဇင်က လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခြင်း၊ လွိုင်မွေဒေသကျေးရွာ(၄)ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ဒေသခံ ဦးမင်းညိုမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ လွိုင်မွေဒေသကျေးရွာ(၄)ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင်လုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခြင်းနှင့် ဖဲကြိုဖြတ်ဖွင့်လှစ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ၁၀:၃၀ အချိန်တွင် လွိုင်မွေရေကန်မှ ရေပေးဝေထားရှိသည့်နေရာများအား လှည့်လည်ကြည့်ရှူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး