
တောင်ကြီး ဇူလိုင် ၃၁
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်သည် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃၁)ရက်၊ ညနေ(၃)နာရီတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၅ /၂၀၂၅)အား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ထုတ်ပေးနိုင်ရေးကိစ္စ၊ ပုံစံ(၇)ပျက်စီး/ ပျောက်ဆုံးမိတ္တူမှန် ထုတ်ယူခွင့်ပြုနိုင်ရေးကိစ္စ၊ လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထား ခြင်းကိစ္စနှင့် မြေယာအယူခံမှုကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး