တောင်ကြီး ဇူလိုင်-၃၁
ရပ်စောက်မြို့နယ်၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲကို ဇူလိုင်လ(၃၁)ရက်၊ နံနက်(၈)နာရီတွင် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ အပါအဝင် စုစုပေါင်း အင်အား (၁၅၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး