ကျောက်တလုံးကြီး ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျောင်းထိုကျေးရွာ တွင် မိသားစုအပိုဝင်ငွေ ရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော နနွင်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နနွင်းပင်များစိုက်ပျိုးရာတွင် နနွင်းမျိုးများ အရည်အသွေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမည့်စိုက်ဘောင်နှင့် စိုက်ကျင်းအနက်တို့အားစနစ်တကျပြုလုပ်ပေးရပြီး မျိုးမချမီ စိုက်ဘောင်ကို နွားချေးနှင့် မြေသြဇာများရောစပ်၍ ထည့်ကာရေဖြင့် (၆) နာရီခန့်ကြိုတင်နှပ်ထားရကြောင်း၊ နနွင်းပင်များစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်ကြား အနည်းဆုံး ၆ လက်မခြား စိုက်ပျိုးရကြောင်း၊ အချိန်မီ ပုံမှန်ပေါင်းရှင်း၊ မြေဆွပေးရန်လိုအပ်ကြောင်း သိရသည်။
နနွင်းပင်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စိုက်ပျိုးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် နနွင်းအတက်များ စတင်တူး‌ဖော်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိဒေသပေါက်ဈေးမှာ ဂျင်းအတက် ၁ ပိဿာလျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်နှုန်းအထိရှိပြီး တောင်ကြီးမြို့ရှိပွဲရုံသို့တင်ပို့လျက်ရှိရာ ‌ယခင်နှစ်ထက် ဈေးကောင်းရရန်မျှော်လင့်လျက်ရှိကြောင်း နနွင်းစိုက်ပျိုးသူ ခွန်ပန်းစိန် ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး