မောက်မယ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)စျေးတန်း၌ ဇူလိုင်လ(၃၀)ရက် နံနက် ၁၀ နာရီက ပလပ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် အမှိုက်များခွဲခြား စွန့်ပစ်မှုစနစ်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ပလပ်စတစ်ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည့်အကြောင်းအရင်းများ၊ ပလပ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာ ရေးပြဿနာများ ၊ ပလပ်စတစ်သုံးစွဲမှု လျော့ချရန်နည်းလမ်းများ ၊ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်များခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်၊ အန္တရာယ်ရှိသောအမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး ကျောင်းတွင်းအမှိုက်ပုံးများ စနစ်တကျထားရှိပေးရေးနှင့် ကျောင်းသား/ကျောင်းသူများမှလည်း အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ရေးအား ရှင်းလင်းပြောကြားပြီး သရုပ်ပြခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး