
တောင်ကြီး ဇူလိုင်၃၀
တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ဇူလိုင်လ(၃၀)ရက်၊ နေ့လည်(၁၁)နာရီခွဲက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကြီးမြို့နယ် ၊ ရွှေညောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် တာယောချောင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါရေနစ်မြှုပ်သည့် နေရာများသို့ ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး