ပင်လောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သမ ဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့်နေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် DRRD QC အဖွဲ့တို့က ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် နောင်တရား-မီးလောင်ကုန်း-နန်းပါလင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ နောင်ကောက်-ခေါ်ပင်လမ်းပေါ်ရှိ ပေ(၃၀) တံတားတစ်စင်းနှင့် ထီနဲ့-ထီတမောင်းလမ်းပေါ်ရှိ ပေ(၃၀)တံတားတစ်စင်းလုပ်ငန်းများ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆည်ခေါင်း-နောင်မွန်-နောင်လင်-ဘန့်ပြင်-လုံးပိုး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ် ရှိ ပေ(၄၀) တံတားတစ်စင်း၊ သံတဲ-ဘုရာပေါ်-မြေနီကုန်းလမ်းပေါ်ရှိ ပေ(၄၀) တံတားတစ်စင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တင်ဒါအောင်မြင်သည့်ကုမ္မဏီများက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး