ကျိုင်းတုံ ဇူလိုင်-၂၈
ကျိုင်းတုံစော်ဘွားကြီးများဖြစ်ကြသော စဝ်ကွမ်ကျောက်အင်းထလျဲန်၊ စဝ်ကောင်တိုင်းနှင့် စဝ်စိုင်းလုံခေမာဓိပတိရာဇာတို့၏ရုပ်ထုများအား ကျိုင်းတုံဟော်နန်းဆောင်တွင် ပင့်ဆောင်ထားရှိခြင်းအခမ်းအနားကို ဇူလိုင်လ(၂၈) ရက် နံနက် (၁၀) နာရီခွဲတွင် ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းရှိ ကျိုင်းတုံဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်း အခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ ဦးတင်လင်း နှင့် ဇနီးသည် ကျိုင်းယင်းကျောင်းတိုက်(ဂုံဂိုဏ်းချုပ်)အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသောပင့်သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး နှင့် ဇနီး တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး နေမျိုးထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မ/ မြို့ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စုစုပေါင်း(၂၀၀)ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပန်းဒကာ ဦးနန်ဆိုင် က ဦးဆောင်၍ စော်ဘွားကြီးများ၏ရုပ်ထုတော်များကို ဟော်နန်းအတွင်းသို့ ပင့်ဆောင်ခြင်း၊ စော်ဘွားကြီးများ ရုပ်ထုတော်ရှေ့တွင် ပွဲတော်များ ဆက်သခြင်း၊ သံဃာတော်များ ပင့်လျှောက်၍ စော်ဘွားကြီးများ၏ရုပ်ထုတော်ရှေ့တွင် သိဒ္ဓိတင်မဟာမင်္ဂလာပြုလုပ်ခြင်း၊ ပန်းဒကာ ဦးနန်ဆိုင်က နတ်ဒေဝါများအား ဖိတ်ကြားခြင်းနှင့် ဘုရားရှိခိုးခြင်း၊ ဆရာတော် ဘဒ္ဒန္တခေမာစာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘဒ္ဒန္တဉာဏသီရိ က စော်ဘွားကြီး (၃)ပါးတို့၏ အတ္ထုပ္ပတ္တိ အကျဉ်းအားဖတ်ကြားကာ ပရိတ်တရားနာပြီး ရေစက်ချအမျှတမ်းပေးဝေကြခြင်း၊ ပန်းဒကာ ဦးနန်ဆိုင် ဦးဆောင်၍ ရတနာ(၃)ပါးအား ပြန်လည်ကန်တော့ကြခြင်း၊ တက်ရောက်လာသူများက စုပေါင်း၍ ဆုတောင်းမေတ္တာပို့ခြင်း၊ အခမ်းအနားပြီးမြောက်ခြင်း၊ အခမ်းအနားပြီးဆုံးခဲ့ပြီးနောက် ဆရာတော်/သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး