
ကလော ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ဇူလိုင် ၂၆ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ မြှင့်တက်လာမှုကြောင့်မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဇူလိုင် ၂၈ ရက် နံနက် ၇ နာရီမှစ၍ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရေများဝင်ရောက်လာရာ အမြင့်ဆုံးဝင်ရောက်မှုမှာ ၂ ပေ ကျော်လွန်ကာ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေ မြင့်တက်လာခြင်းနှင့် တောင်ကျရေများစီးဆင်းလာခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည့် မြို့ပေါ်ရပ်ကွက် ( ၂ )နှင့်ရက်ကွက်(၄)တို့တွင်မြေနိမ့်ပိုင်းနေရာများသို့ ချောင်းရေများ ဝင်ရောက်လျက်ရှိရာ ကလောတပ်နယ်ကျောင်းအုပ်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်သည့် ရေကြီးရေလျှံမှုဘေးအန္တရာယ်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးခြင်း၊ မြို့မပရိယတ္တိစာသင်တိုက်တွင် ရေနစ်မြုပ်အိမ်ခြေ(၂၀၀)ကျော်ခန့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အချို့ပြည်သူများက နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းသိရသည်။
ရေကြီး၊ ရေလျှံမှုကြောင့်ဝင်ရောက်မှုကြောင့် ကလောမြို့၊ အထက(၁)၊ အမက (၇)၊ အထက(၂)ကျောင်းများ ယာယီပိတ်ထားရပိတ်ထားရပြီးအထက(၂)သည် ရေနစ်မြှုပ်မှုမရှိသော်လည်း ရေဝင်ရပ်ကွက်များမှ ကျောင်းသား/သူများ ကျောင်းတက် ရောက်နိုင်မှု မရှိ၍ ပိတ်ထားရခြင်းဖြစ်ကြောင်း၊လူနှင့်တိရိစ္ဆာန်များ ထိခိုက်/ဒဏ်ရာရမှု မရှိပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး