
ဆီဆိုင် ဇူလိုင်-၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် စာစစ်ဌာန(၃)ခု၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ(၁၈၃)ဦး၊ စုစုပေါင်း(၂၇၄)ဦး ဖြေဆိုခဲ့ရာ ကျောင်းသား(၃၅)ဦး၊ ကျောင်းသူ(၈၈)ဦး၊ စုစုပေါင်း(၁၂၃)ဦး အောင်မြင်ခဲ့၍ နှစ်ဘာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦးထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄.၈၉)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး