
မိုင်းပန် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၃)မိုင်ကျေးရွာ၌ ဇူလိုင်လ(၂၇)ရက် နံနက် ၈နာရီက ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာနေပြည်သူများနှင့် စုစုပေါင်းအင်အား (၁၈၅)ဦးဖြင့် (၃)မိုင်ကျေးရွာ၌ ကျွန်း (၆၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး