ကလော ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့ပြည်သူ့‌ဆေးရုံကြီး၌ခြင်အန္တရာယ်နှင့်သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇူလိုင်လ(၂၆)ရက် နံနက် ၇ နာရီက ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလောတပ်နယ်အရာရှိ စစ်သည်များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် က‌လောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ကလောတပ်နယ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကလောမြို့ပြည်သူ့‌ဆေး ရုံကြီးဝန်းအတွင်းရှိ ချုံနွယ်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး