လားရှိုး ဇူလိုင်-၂၅
ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ( ၂၅) ရက် နံနက်(၉) နာရီတွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ( ၇/ ၂၀၂၅ ) အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများနှင့်အတူတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အစည်းအဝေးတက်ရောက်သော သက်ဆိုင်ရာဌာန များမှ ဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးး