
ပင်လောင်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လိင်းဗွာလဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးက အားပေးအမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းက ဒေသဆိုင်ရာအခြေအနေများကို ရှင်းလင်းပြောကြားသည်။
စားနပ်ရိက္ခာများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး၊ အမှတ်(၄)စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်မှူး ဗိုလ်မှူးကြီးလေးဇော်ဦး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းတို့က ထောက်ပံ့ပေးအပ်ခဲ့ရာ နေရပ်စွန့်ခွာပြည်သူများက လက်ခံရယူပေးခဲ့သည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌသည် ဝါးပြုံးကျေးရွာသို့ ကော်ဖီစေ့အခြောက်ခံစက်ထားရှိမည့် မြေနေရာနှင့် ဆောင်းပြောင်းတိုက်နယ်ဆေးရုံတို့ကို သွားရောက်ကြည့်ရှုခဲ့ရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် လိုသည်များလမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး