
ပင်လောင်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ဇူလိုင်လ(၂၂)ရက် နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပင်လောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များကို ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို ထုတ်ပေးနိုင်ရေးအတွက် ဇီဝဆိုင်ရာအချက်အလက် (Biometric) အချက်အလက်များ ကောက်ယူပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) အချက်အလက်မှန်သူ(၄၁)ဦးအား ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း၊ အချက်အလက်ကွဲလွဲသည့် ၁၃/ ပလန(နိုင်) နိုင်နံပါတ် ငါးခု၊ ၁၃/ နတရ (နိုင်) နိုင်နံပါတ် နှစ်ခုအား ပြင်ဆင်ခွင့်တင်ပေးခဲ့ပြီး၊ အခြားမြို့နယ် နိုင်နံပါတ်ခြောက်ခုအား သက်ဆိုင်ရာမြို့နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး