
မိုင်းပန် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်၊ နမ့်ပန်ချောင်းရေတက်လာပြီး လယ်ယာမြေရေကြီးနစ်မြုပ်မှုခံရသည့် တောင်သူများ၏ကွင်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ဇူလိုင်လ(၂၂)ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးနစ်မြုပ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ မြို့နယ်အတွင်း ကျေးရွာအုပ်စု (၈)စု၊ ကွင်းပေါင်း (၂၈)ကွင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်သူတို့၏ မိုးစပါးလယ်ယာမြေ (၇၄၇.၁၇၄)ဧက ထိခိုက်ခဲ့ပြီး (၁၃၀.၁၆၀)ဧက ပျက်စီး၍ ပဲပုတ် (၇၂.၅၉)ဧက ထိခိုက်ခဲ့ပြီး (၃)ဧကပျက်စီးရာ မိုးသီးနှံ စုစုပေါင်း (၈၁၉.၇၆၄)ဧက ထိခိုက်ခဲ့ပြီး (၁၃၃.၁၆၀)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး