
မိုးနဲ ဇူလိုင် ၂၁
မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များ တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၂၁)ရက် နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းယဉ်ယဉ်အေးက သင်တန်းဆိုင်ရာအချက်အလက်များကို လည်းကောင်း ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မြန်မာအီလက်ထရောနစ် (MEVM) စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးပုံမဲပေးနည်းစနစ်များအား လက်တွေ့ရှင်းလင်းပြောကြားပြီး သင်တန်းကို ဇူလိုင် ၂၁ ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့ထိ မိုးနဲမြို့ နယ်တွင်လည်းကောင်း ၊ဇူလိုင် ၂၇ က်နေ့မှ ဩဂုတ် ၁ ရက်နေ့အထိ ကျိုင်းတောင်းမြို့တို့တွင် လည်းကောင်း သင်တန်းသား၊ သင်တန်းသူ (၃၁၆) ဦးတို့အား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ လက်တွေ့ကိုင်တွယ်အသုံးပြုနည်း သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်သည့် ဆက်စပ် ပစ္စည်းများနှင့် မဲပေးစက်များစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေး စက်လက်တွေ့တပ်ဆင် လေ့ကျင့်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲပေးခြင်းအား လက်တွေ့လေ့ကျင့်ခြင်း၊ မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရန်များ၊ လက်တွေ့သရုပ်ပြခြင်းများ၊ သင်ခန်းစာများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် လက်တွေ့ကိုင်တွယ်လေ့ကျင့်ခြင်းတို့အား သင်တန်းပို့ချပေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး