ဟိုပုံး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဇူလိုင်လ (၂၁)ရက် နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက် တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဖြိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ကျော်ရန်နှင့် အဖွဲဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူများက မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ (၁၀)ကြိမ်ဖွင့်လှစ်သွားဖြစ်၍ တစ်ရက်လျှင် သင်တန်းသားဦးရေ (၇၅)ဦးနှုန်းဖြင့် သင်တန်းကာလရက်ပေါင်းနှစ်ဆယ်ကြာ ဖွင့်လှစ်သွားမည်ရာ သင်တန်းသား(၇၅၀)ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် MEVM စက်နှင့် ပါဝင်ပစ္စည်းများရှင်းလင်းသရုပ်ပြခြင်း၊ တပ်ဆင်/ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေ ရွေးကောက်ပွဲပြုလုပ်သော မဲရုံမှူးများအား MEVM စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/ စိစစ်ရ မည့်အချက်များ၊ စက်ရှိပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် လက်ထရီတပ်ဆင်ပုံ၊ မဲပေးစဉ် စက်ချိုယွင်းပါက အရံစက်လဲလှယ်ရမည့်အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်းအရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်းဇယား၊ မဲရလဒ်ထုတ် ယူနည်းဇယား၊ မဲရုံမှူးဖြည့်သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး