
ပင်လောင်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ခဲခြစ်ပန်းချီပြိုင်ပွဲကို ဇူလိုင်လ(၁၈)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့် ပတ်သက်သည့် စိတ်ကြိုက် ခဲခြစ်ပန်းချီရေးဆွဲယှဉ်ပြိုင်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမြစော က အာဇာနည်ကိုးဦးတို့၏ အထ္တုပ္ပတ္တိများ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းများနှင့်ဌာန၏ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများမိတ်ဆက် ဟောပြောခဲ့သည်။
ထို့နောက် အာဇာနည်နေ့နှင့် ပတ်သက်သည့် စိတ်ကြိုက် ခဲခြစ်ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဒိုင်းဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးချီးမြှင့်ပေးခဲ့ကြောင်း၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အာဇာနည်ကိုးဦး၏ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာ မှတ်သားသွားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး