ပင်းတယ ဇူလိုင် ၁၈
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဝင်ငွေတိုးစီမံ
‎ကိန်းအခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားအား ဇူလိုင်လ (၁၈)ရက် မွန်းလွဲပိုင်းက အင်းပက်လက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသဦးစီး
‎မှူးဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပေးသည်။ထို့နောက်တာဝန်ရှိသူများက သင်တန်းသူ/သင်တန်းသားများအား သင်တန်းထွက်ကုန်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါစက်ချုပ်သင်တန်းအား ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်
‎ကြားပေးခဲ့ကြောင်းနှင့်သင်တန်းသူ စုစုပေါင်း ၁၄ ဦးတက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး