
မိုင်းဆတ် ဇူလိုင်-၁၈
မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၈)ရက် နံနက်(၁၀)နာရီခွဲ၌ ခရိုင် စီမံအုပ် ချုပ်ရေး အဖွဲ့ နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် သဘာဝဘေး ဆိုရောလုပ်ငန်း များ ပေါင်းစပ်ညှိနိုင်းဆောင်ရွက်နိုင်ရေး အစည်း အဝေးပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးမှ ဆွေးနွေး မှာကြားရာတွင် ယခုဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ မိုးသည်းထန်စွာရွာသွန်း မူကြောင့် ဖြစ်ပေါ်လာ သော ရေကြီး ရေလျှံမူနှင့်ပတ် သက်၍ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ကြီးကြပ်ကွပ်ကဲ ရသော လမ်းတံတား၊ အဆောက်အဦ စိုက်ပျိုးရေး လုပ်ငန်းများ သဘာဝဘေး ကြောင်.ထိခိုက်ပျက် ဆီးမှုများ ရှိပါက အချိန်နှင့်တ ပြေးညီတင်ပြရန် l ထိခိုက်မူပျက် စီးမူအခြေ အနေ နှင့် လတ်တလော ဆောင်ရွက်ထား ရှိမူများကိုလည်းတင် ပြရန်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး များကို မှာကြားရန်၊ မိုင်းဆတ်-တာချီလိတ် လမ်းပေါ်ရှိ (ဆိုက်ခေါင်) တံတားကြံခိုင်မှု ရှိရေး တံတားဦးစီး မှ သေချာကြပ်မှတ် စီစစ်ရန် l ပညာရေးဌာန စာသင်ကျောင်း အဆောက်အဦးများထိခိုက် ပျက်စီးမှုရှိပါက တင်ပြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးမူရှိပါက အစားထိုးပြန်စိုက်ပျိုး နိုင်ရေး တောင်သူများနှင့် ညိုနိုင်းပေါင်းစပ် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ ပြီး မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ နတလ၊ လမ်းဦးစီးဌာန၊ ပြန်ကြားရေး၊တံတားဦးစီးဌာန၊ စိုက်ပျိုးရေး၊မြေစာရင်းဌာန တို့မှလည်း ကဏ္ဍအလိုက် ဆောင်ရွက် ထားမှုအခြေအနေအား တင်ပြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး