ပင်းတယ ဇူလိုင်  ၁၇
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊ဒေသစီမံအုပ်ချုပ်ရေး‎အဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ဇူလိုင်လ(၁၇)ရက် နံနက် ၁၀ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံ့ငွေမှမြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊အားသာချက်၊အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းကအဖွင့် အမှာစကားပြောကြားပေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေးဦးတည်ချင်များ‎အနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှာကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး စသည့် ‎ဦးတည်ချက်နှင့်အညီ နိုင်ငံတော်အစိုးရမှ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ”ကိုထည်ထောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ‎စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက် မတည်ရန်ပုံငွေများကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါ‎ကြောင်း၊နိုင်ငံ့မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေမွေးမြူရေးနှင့်အခြားစီးပွားရေး‎(ကုန်ထုတ်လုပ်ငန်း)ဆောင်ရွက်နေကြတဲ့ အစုအဖွဲ့များမှ ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်တဲ့လုပ်ငန်းအပေါ် အားသာချက် အားနည်းချက်များကိုလည်း ဆွေးနွေးတင်ပြရန်ဖြစ်ပြီး လိုအပ်ချက်အခက်အခဲများ ဖြစ်ပေါ်လာပါကလည်း ‎ဝိုင်းဝန်းတိုင်ပင်၍ သုံးသပ်အဖြေရှာပြီး နိုင်ငံတော်၏ ရည်မှန်းချက်များကို အောင်မြင်အောင် ‎ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်သွားကြရန် စသည်ဖြင့်တိုက်တွန်းပြောကြားသည်။
ထို့နောက်ပင်းတယမြို့နယ် နိုင်ငံ့စီးပွားရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဌက နိုင်ငံ့‎စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးထားမှုအခြေအနေအားရှင်းလင်းတင်ပြပေးသည်။ ဆက်‎လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားစီးပွားရေး(ကုန်ထုတ်လုပ်ငန်း) အစုအဖွဲ့တို့မှ ချေးငွေရယူထားသော‎လုပ်ငန်းရှင်များကိုယ်စား တာဝန်ရှိသူများကမိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အားနည်းချက်၊အားသာချက်များကို ဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို သက်‎ဆိုင်ရာတာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး၊ဓနု‎ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း(SOP)ပါ လုပ်ထုံးလုပ်နည်းများ၊စံသတ်မှတ်ချက်များနှင့်အညီ မတည်ထောက်ပံ့ငွေများထုတ်ချေးခဲ့ရာ ယနေ့အထိ ဓနု‎ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားစီးပွားရေး(ကုန်ထုတ်)‎လုပ်ငန်းတွင် ကဏ္ဍအလိုက်စုစုပေါင်း လူဦးရေ(၃၆၇၃)ဦးအတွက် ချေးငွေစုစုပေါင်းကျပ်သန်း ‎၁၀၁၂၃.၅၀ အား မတည်ထောက်ပံ့ငွေအဖြစ်ထုတ်ခြေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး