ကျိုင်းတုံ ဇူလိုင်-၁၆
ကျိုင်းတုံမြို့၊ အမှတ် ( ၅ ) ရပ်ကွက်ရှိ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ( ၁၆ ) ရက် နံနက်(၁၀) နာရီတွင် ၂ဝ၂၅ – ၂ဝ၂၆ ခုနှစ်၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း )၊ စိုက်ပျိုးရေးဦးစီးဌာန၊“ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ဓါတ်မြေဩဇာများပေးအပ်ပွဲ ”အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၂)၊ ဦးမင်းညို၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံစိုက်ပျိုးရေးတောင်သူများ၊ စုစုပေါင်း ( ၇၀ ) ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၂)၊ ဦးမင်းညို မှ အမှာစကားပြောကြားခဲ့ခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှဝင်း မှ မျိုးစေ့၊ ဓါတ်မြေဩဇာများနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် တာဝန်ရှိသူများမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် တောင်သူပညာပေး စံပြကွက်များအတွက် တောင်သူများအား မျိုးစေ့၊ ဓါတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း၊ တောင်သူများကိုယ်စား တောင်သူ ( ၁ ) ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားပြီးမြောက်ခဲ့ပြီးနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်သော မျိုးစေ့ချကိရိယာများအား လိုက်လံ့ကြည့်ရှုခဲ့ပြီး ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှဝင်း မှ ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး