ကျိုင်းတုံ ဇူလိုင်-၁၂
ကျိုင်းတုံမြို့၊ နောင်ကုန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးသုတေသနခြံကွင်း၌ ဇူလိုင်လ( ၁၂ ) ရက် ညနေ( ၄ ) နာရီတွင် ကျင်းပပြုလုပ်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုး နည်းစနစ် ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး ကွင်းအတွင်းသရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး