လားရှိုး ဇူလိုင်-၁၁
လားရှိုးမြို့၊ လေဆိပ်တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌရဲမှူးကြီးသန့်ဇင်သည် ဇူလိုင်လ(၁၁)ရက် ညနေ(၅)နာရီ၌ လေကြောင်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်မည့်နေရာ၊ စစ်အင်ဂျင်နီယာတပ်ရင်း အထူးဆောက်မှ လေဆိပ်ပြုပြင်တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေယာဥ်ပြေးလမ်း၊ လေကြောင်းထိန်းတာဝါတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုတို့အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး