
လားရှိုး ဇူလိုင်-၇
လားရှိုးမြို့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၇)ရက် နံနက်(၁၁)နာရီခွဲ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် စည်ပင်၊ လမ်းဦးစီးတို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ဘေးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) အစည်းအဝေးခန်းမအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပထမဦးစားပေးအဆင့်အနေဖြင့် အမိုးတပ်ဆင်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး