
လွိုင်လင် ဇူလိုင်-၇
လွိုင်လင်မြို့နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာသစ်၌ ဇူလိုင်လ(၇)ရက်နေ့၊ နံနက် ၁၀ နာရီခွဲတွင် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွဋ်၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဦးတူးငယ်ဦးဆောင်သောရှမ်းတောင်ပရဟိတအသင်းအဖွဲ့များနှင့် ကျေးရွာသူ/သားများတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး