လားရှိုး ဇူလိုင်-၆
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဌ ဉီးမြင့်သန်းဝင်းသည် ဇူလိုင်လ(၆)ရက် နံနက်(၉)နာရီတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ပြည်နယ်လဝကမှူး(ရုံးခွဲ)၊ သတင်းရဲတပ်ဖွဲ့၊ စစစ၊ ပြည်နယ်သာသနာရေးမှူး (ရုံးခွဲ)တို့နှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/ခရိုင်/မြို့နယ်များမှ ထောက်ခံတင်ပြလာသည့် သတ်မှတ်ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီသော ရဟန်း (၃၅)ပါး၊သီလရှင် (၅)ပါး၊ လူပုဂ္ဂိုလ် (၃)ဉီး၊ စုစုပေါင်း (၄၃) ပါးတို့အား ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်နိုင်ရေးအတွက် စိစစ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး