ကျိုင်းတုံ ဇူလိုင်-၁
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ( ကျိုင်းတုံ )ရုံး၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ( ၁ ) ရက် နံနက် ( ၉ ) နာရီ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများနှင့် ” တွေ့ဆုံပွဲ ” အခမ်းအနာသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆိုင်ရာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြ၍၊ အထွေထွေဆွေးနွေးတင်ပြခြင်းတွင် ဖြည့်စွက်တင်ပြလိုသည့်အချက်များအား သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး