
လင်ခေး ဇူလိုင်-၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်(၇)ရက် နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် လင်းခေးမြို့၊ ဘုရင့်နောင်ရိပ်သာ၌ လင်းခေးခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လင်းခေးဒေသဖွံ့ ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့်လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ ဆိုသည့်အတိုင်း သီးထပ်စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများက ပေါင်းစပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို တိုးတက်အောင်မြင်စေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပေါင်းစပ်ဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံမိဘပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများ အနေဖြင့်ဒေသဖွံ့ဖြိုးရေးအတွက်ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ကဏ္ဍများမှလိုအပ်ချက်များကိုတင်ပြဆွေးနွေးပေးကြရန်ပြောကြား သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ နည်းစနစ်မှန်ကန်စေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် နှင့် စိုက်ပျိုးရေ ရရှိရေးသက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရန်၊ သီးထပ်စိုက် ပျိုးသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်နည်း စနစ်မှန်ကန်စေရေး သက်ဆိုင်ရာဌာနများက တောင် သူများနှင့်ထိတွေ့ပြီး အသိပညာပေးဆောင်ရွက်ပေးရန်၊ မျိုးစေ့ချစက်နှင့်လက်ဆွဲကောက်စိုက်စက်များ လိုအပ်ပါက ဖြည့်ဆည်းဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအားမှာကြားပြီး လိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်နေရောင်ခြည်စွမ်းအင်သုံး 30 MW Solar Power System ဓါတ်အားပေးစနစ်စီမံကိန်းလုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ဆိုလာစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လ်ိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆိုလာတပ်ဆင်မည့် မြေဧရိယာအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လင်းခေးမြို့နယ်၊ပုန်းထွန်ကျေးရွာအုပ်စုရှိ မိုးနှမ်း အကွက်ကျယ် စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲတက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊မျိုးကောင်းမျိုးသန့်အသုံးပြုပြီး စိုက်နည်းစနစ်မှန်ကန်ပါက သီးနှံများ အထွက်နှုန်းတိုးမြင့်လာမည်ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်အချက်များရှိပါက တင်ပြပေးကြရန်ပြောကြားသည်။
ထို့နောက် လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သီးနှံစိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးတို့က ဓာတ်မြေသြဇာများပေး အပ်ခဲ့ကြသည််။
ယင်းနောက် တက်ရောက်လာသည့်တောင်သူများမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ကွင်းအတွင်းရေဖြည့်သွင်းရန်လိုအပ်လျက်ရှိပါကြောင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်သူ ဦးနန္တ စိုက်ပျိုးထားသည့် ခွေလဲနီ နှမ်းစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုကြသည်။အဆိုပါ လင်းခေးခရိုင်တွင် စပါးနှင့်နှမ်းသီးနှံများအဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ကုန်းကျိုင်းကျေးရွာ အုပ်စုတွင် တစ်ဆက်တစ်စပ်တည်း ပဲပုပ်သီးနှံ ဧက(၁၀၀) စံပြစိုက်ကွင်းသို့ရောက်ရှိပြီး တောင်သူများစိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပဲပုပ်သီးနှံစိုက်ခင်းအားကြည့်ရှုအားပေး၍ ပြည် နယ်ဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန် စေရန်အတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ယင်းနောက် လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုင်းပန်မြို့နယ် ပဲပုပ်စိုက် ပျိုးမှုနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က ဓာတ်မြေသြဇာများကိုပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများ မှ စိုက်ပျိုးသီးနှံများနှင့်စပ်လျဉ်း၍ လိုအပ် ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးစိုင်းမွမ်း ၏ ရေဆင်း(၁၅) ပဲပုပ်စိုက်ခင်းအားကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး