
လားရှိုး ဇွန်-၂၀
လားရှိုးမြို့၊ အကျဉ်းဉီးစီးဌာနတွင် ဇွန်လ( ၂၀)ရက် နံနက်(၁၀)နာရီ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် အကျဉ်းဉီးစီး တို့နှင့်အတူ အကျဉ်းထောင်အတွင်းတွင် ရေမီးပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။
ထို့နောက် လားရှိုးမြို့၊ လေဆိပ်တွင် လေကြောင်းဉီးစီး၊အထူးဆောက်လုပ်ရေးတို့နှင့်အတူ လေဆိပ်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး