လားရှိုး ဇွန်-၁၉
လားရှိုးမြို့၊ မဟာဗောဓရုံကျောင်းတိုက်တွင် ဇွန်လ(၁၉)ရက် ညနေ(၅)နာရီ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်နယ်သာသနာရေးတို့နှင့်အတူ သက်တော် (၉၅)နှစ်၊ ဝါတော် (၇၅)ဝါ ရှိပြီဖြစ်သော မဟာဗောဓရုံကျောင်းတိုက်ဆရာတော်ဘုရားကြီးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ဝတ္ထုငွေကျပ် (၂၀)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း နှင့် ဆရာတော်ဘုရား၏ကျန်းမာရေးအားကျန်းမာရေးဌာနမှ နေ့စဉ်ပြုစုစောင့်ရှောက်လျက်ရှိပါကြောင်သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး