တောင်ကြီး ဇွန်-၂၁
တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ City Square Center၏ တိုးချဲ့ယာဥ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ဇွန်(၂၀)ရက်ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ဦးစွာ သီဟကုမ္ပဏီတာဝန်ရှိသူတစ်ဦးကရှင်းလင်းပြီး ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းက ဖြည့်စွက်ဆွေးနွေးတင်ပြပြီး
ကနဦးစိစစ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန် အားနည်းချက်မဖြစ်အောင် ဝိုင်းဝန်းအကြံပြုပေးကြရန်၊ သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ မဖြစ်မနေထည့် သွင်းစဥ်းစားပေးရန်နှင့် လုပ်ငန်းများကိုလည်း ကြန့်ကြာမှုမရှိစေရန် ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး