တောင်ကြီး ဇွန်-၁၉
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများပေါ် ထွက်လာ စေရေး ၊နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားမျိုး ဆက်သစ်များ ပေါ်ထွက်ရေး၊နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အဆင့်မီမီပါဝင်ယှဥ်ပြိုင်အနိုင်ရေး၊ အမျိုးသားအားကစားပွဲများတွင် ပြည်နယ် အဆင့်နှင့်ဝန်ကြီးဌာန အဆင့်များတွင် အဆင့်မီစွာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဇွန်(၁၉)ရက် ညနေ(၃)နာရီကတောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကဘောလုံး အားကစားနည်း ဖြင့် လူငယ်များ၏စွမ်းရည်၊ ဝါသနာနှင့်စိတ်ဓာတ်များကို ဖော်ထုတ်ရာလမ်းကြောင်းဖြစ်၍ ရိုးသား ဖြောင့်မတ်ခြင်း၊လေးစားမှုနှင့်ညီညွတ်ခြင်း တို့ကိုဖေါ်ပြသည့် နေရာလည်းဖြစ်ပါကြောင်း၊ အားကစား သည် လူငယ်များအားကိုယ်ကျင့်တရား၊ စည်းကမ်းနှင့်စွမ်းဆောင်ရည် မြင့်မားမှု ကို ပိုမိုရရှိစေပြီး နိုင်ငံတော် တိုးတက်ရေးအတွက် အုတ်မြစ်ချပေးသည့် ကဏ္ဍလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲတွင်လူမှုရေး ဦးတည်ချက်ဖြစ်သည့် တစ်မျိုးသား လုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေးကိုအမြဲဦးစားပေးဆောင်ရွက်လျက်ရှိပြီး လူငယ်များ၏အနာဂတ်ကို ပိုမို တောက်ပစေရန် မျှော်မှန်းလျက်ရှိပါကြောင်း၊ ဆေးတက္ကသိုလ် ကျောင်းသား များသည် ကျောင်းစာကို အမြဲလေ့လာနေကြပြီး မအားလပ်သည့် ကြားကယခုလို့ အားကစားစိတ် ဓာတ်အပြည့် နှင့် ယှဥ်ပြိုင်ကြ သည့် အတွက်များစွာ ဂုဏ်ယူ မိပါကြောင်း၊ စာပေထူးချွန်ရုံသာမက အားကစားမှာ ပါ ထူးချွန်ဗလ ငါးတန် နှင့်ပြည့်စုံသည့် လူချွန်လူကောင်းများဖြစ်အောင်ကြိုးစားလိုစိတ်ရှိသည့်ကို ဝမ်းမြောက်မိပါကြောင်းပြောကြားသည်။
ထို့နောက်ဆေးတက္ကသိုလ် တောင်ကြီးပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်ကပြိုင်ပွဲကျင်းပရ ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးပြိုင်ပွဲဝင်အသင်းများက ပြည်နယ်ဝန်ကြီးချုပ်အား ချီတက် အလေးပြုကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမား အသင်းများ အား လိုက်လံနှုတ်ဆက်ကြပြီး အတန်းလိုက် Cheer Leader အကမယ်များ က ပန်းဖွားအကဖြင့် ကပြ ဖျော်ဖြေ ကြသည်။
၎င်းနောက်ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက် ဖလားဘောလုံးပြိုင်ပွဲတွင် အဖွင့် ပွဲစဥ် အဖြစ် Medical Year 1 FCနှင့်Medical Year3 (5/2025ရ) အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင် များ ကြည်ရှုအားပေးကြကြောင်းသိရှိရသည်။
အဆိုပါဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်ဆိုက် ဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ (၁၈)ရက်မှ(၂၈)ရက်နေ့အထိ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲအသင်း (၆)သင်း ရှိကြောင်း သိရှိ ရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး