လားရှိုး ဇွန်-၆
လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာကုသဆောင်တွင် ဇွန်လ(၁၁)ရက် နံနက်(၁၀)နာရီ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်ဒု/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းနှင့် ပြည်သူ စုစုပေါင်း (၁၅၈) ဦးအား Covid – 19 ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လာရောက်ဆေးထိုးနှံသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါကြောင်းသိရှိရသည်။
ဆက်လက်၍ လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၁၂)ရက်နေ့၊ နေ့လယ် (၂)နာရီတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းဦးဆောင်၍ ပြည်နယ်ဒု/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/ ၂၀၂၅) ကျင်းပခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ အင်အား (၄၀) ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး