လားရှိုး ဇွန်-၁၁
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ဆောင်မူလုပ်ငန်းများ ပြန်လည် လည်ပတ်နေမှုအား ဇွန်လ(၁၁)ရက် နံနက်(၁၀)နာရီခွဲတွင် သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်ဒု/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနား သို့တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသောဝန်ထမ်းများအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး