မိုင်းဆတ် ဇွန်-၆
ရာဂီမုန်တိုင်းကြောင့် ပျက်ဆီးသွားသော လယ်ယာများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ(၆) ရက် နေ့လည် (၁၁) နာရီတွင် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားတွင်ခရိုင် သဘာဝဘေး ကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးညီညီ ထွေး မှအဖွင့် အမှာစကား ပြောကြားပြီး ရာဂီမုန်တိုင်းကြောင့် မိုးစပါးထိခိုက်ပျက်စီးသွားသော တောင်သူ ( ၁၁၄ ) ဦးဧက (၁၇၇.၆၈ ) အတွက် တစ်ဧက လျှင် (၁၀၀၀၀) ကျပ်နှုန်း ဖြင့်လည်းကောင်း၊ မျိုးစေ့ /သွင်းအားစု များထောက်ပံ့ငွေ ပေးအပ်ခြင်းများ ပြုလုပ် ခဲ့သည်။
ထိုအခမ်းအနားကို မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး(ခရိုင် သဘာဝဘေး ကြီးကြပ်မှုကော်မတီ) ဥက္ကဌနှင့်အဖွဲ့ ဝင်များ မိုင်းဆတ်ခရိုင်/မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီ ဝင်များနှင့် ထိခိုက်ပျက် စီးခဲ့သော တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး