တောင်ကြီး ဇွန်-၈
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်ရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်စွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘ့ာအဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၈)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးဘော်လီဘော ကွာတားဖိုင်နယ်ပွဲစဥ်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်သားတန်း၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ကွာတားဖိုင်နယ် ပထမပွဲစဥ်အဖြစ် အမျိုးသမီးရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီအသင်းယှဥ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်းတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း ယှဥ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက သုံးပွဲတစ်ပွဲဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်ဘော်လီဘော ဆပ်ကော်မတီဥက္ကဋ္ဌတို့က ကွာတားဖိုက်နယ်ပွဲစဥ်တွင် အနိုင်ရရှိသွားသော ရှမ်းပြည်နယ်ဘော်လီဘော အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲကို ဇွန်လ(၁၁)ရက်နေ့၌ အမျိုးသမီးပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး