တောင်ကြီး ဇွန်-၈
၂၀၂၅ခုနှစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက် အသက်(၁၈)နှစ် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုဇွန်(၇)ရက် ညနေ့(၃)နာရီကတောင်ကြီးမြို့၊ ပြည်နယ် အားကစား ကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင်ဗိုလ်လုပွဲစဥ်အဖြစ်ရပ်စောက်မြို့နယ်အသင်းနှင့်တာချီလိတ်အသင်းတို့ယှဥ်ပြိုင် ကစားနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြရာ တာချီလိတ်အသင်းမှ အနိုင်ရရှိသွားကြောင်းသိရသည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲကျင်းပရာပူးတွဲတတိယဆုရရှိသောဟိုပုံးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကိုရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ပင်းတယမြို့နယ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်ဥပဒေချုပ်ကလည်းကောင်း ဒုတိယဆုရရှိသော ရပ်စောက်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက လည်းကောင်း အသီးသီးဆုချီးမြှင့်ပေးကြသည်။
ထို့နောက်အကောင်းဆုံး အားကစားသမားဆုကို ချီးမြှင့်ရာ ဂိုး၊နောက်တန်း၊ အလယ်တန်း အကောင်း ဆုံး ဆုရရှိသည့် အားကစားသမားအား ဆုတံဆိပ် နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးကလည်းကောင်း ရှေ့ တန်းအကောင်းဆုံးဆု နှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရှိသည့် အားကစားသမားအား ပြည်နယ်သယံဇတရေးရာဝန် ကြီးက လည်းကောင်း ချီးမြှင့်ပေးသည်။
၎င်းနောက် ပထမဆုရရှိသော တာချီလိတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ပထမဆုဖလားတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး