တောင်ကြီး ဇွန်-၅
၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယနေ့ပွဲစဥ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
တတိယနေ့ပြိုင်ပွဲတွင် အမျိုးသမီးပွဲစဥ်အဖြစ် အုပ်စု(က)မှ ကချင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေကြီးအသင်း ယှဥ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်သင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း ယှဥ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အမျိုးသားပွဲစဥ်တွင်အုပ်စု(ဂ)မှ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက သုံးပွဲတစ်ပွဲဖြင့်လည်းကောင်း ကယားပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက သုံးပွဲ(၂)ပွဲဖြင့်လည်းကောင်း၊ အုပ်စု(ခ)မှ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားရာ မန္တလေးတိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဃ)မှ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းအသင်း ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး