တောင်ကြီး ဇွန်-၄
၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားအမျိုးသမီး ဘော်လီဘောဒုတိယနေ့ပြိုင်ပွဲကို ဇွန်(၄)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
ဒုတိယနေ့ပြိုင်ပွဲကို အမျိုးသမီးပွဲစဥ်အဖြစ် နံနက်(၈)နာရီကကျင်းပရာ အုပ်စု(ခ)အသင်းမှ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းအသင်း ယှဥ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းအသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဂ)အသင်းမှ စစ်ကိုင်းတိုင်းအသင်းနှင့် မကွေးတိုင်းအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းအသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဃ)အသင်းမှ ဧရာဝတီတိုင်းအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက် နံနက်(၁၁)နာရီတွင် အမျိုးသားပွဲစဥ်အဖြစ် (ခ)အုပ်စုအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဃ)အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင်အုပ်စု (က)အသင်းမှ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု(က)အသင်းမှ ရခိုင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ချင်းပြည်နယ်အသင်းက (၃)ပွဲ(၁)ဖြင့်အနိုင်ရရှိသွားကြောင်းသိရသည်။ ၎င်းနောက် ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ပဥဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည် ။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး