တောင်ကြီး ဇွန်-၂
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်ရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်စွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘ့ာအဆင့်အထိ တက်လှမ်းနိုင်အောင်ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဘော်လီဘောလက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းတို့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်တွင်ကျင်းပပြုလုပ်ရန် လျာထားသော်လည်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တဘေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးနှင့်စစ်ကိုင်းတိုင်းတို့မှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ဖြစ်လာခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ၂၀၁၄၊ ၂၀၁၉၊ ၂၀၂၂၊ ၂၀၂၃ခုနှစ်များတွင် ဘော်လီဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ယခု၂၀၂၅ခုနှစ်တွင်လည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ထပ်မံရရှိခဲ့ပါကြောင်း၊ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခွင့်ရသည့် အခွင့်အလမ်းကိုဆုပ်ကိုင်၍ ရှမ်းပြည်နယ်ဘော်လီဘောအသင်းအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိသတ်ရှေ့မှာ အကောင်းဆုံးယှဥ်ပြိုင်ကစားပြီး ရှမ်းပြည်နယ်ဘော်လီဘော အားကစားနည်းအဆင့်အတန်းကိုပြသပြီး အောင်မြင်မှုရရှိရေး အစွမ်းကုန်ကြိုးစား အားထုတ်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် ဘော်လီဘောလက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ်ငွေများပေးအပ်ရာ ရှမ်းပြည်နယ် ဘော်လီဘောအသင်းအုပ်ချုပ်သူများမှ လက်ခံရယူပြီး ရှမ်းပြည်နယ် ဘော်လီဘောအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ အလှူငွေများပေးအပ်ကြကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ် ဘော်လီဘောအသင်းနည်းပြချုပ် ဦးဌေးအောင်မှ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။ အဆိုပါ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇွန်လ(၃)ရက်မှ (၁၂)ရက်ထိ ပြည်နယ်လေ့ကျင့်ရုံကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး