လားရှိုး ဇွန်-၁
လားရှိုးမြို့ အကျဉ်းဦးစီးဌာနတွင် ဇွန်လ(၁)ရက်နေ့၊ နံနက်(၁၀)နာရီ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းဦးဆောင်၍ ပြည်နယ်ကျေး/ဖွံ့၊အကျဉ်းဦးစီး၊ လျှပ်စစ်တို့ပူးပေါင်းပြီး သတ်မှတ်ချိန်အမှီ အကျဉ်းထောင်ပြန်လည်ဖွင့်လှစ်နိုင်ရေး အကျဉ်းထောင်အတွင်းရှိ အဝီစိရေတွင်းများမှ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး