
ပင်လောင်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလနံနက် ၅ နာရီခွဲအချိန်က မွေတော်ဘုရားကြီးမှ မင်းလမ်းအတိုင်း အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
လမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဥ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance အကများဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ခြင်းဖြင့် စိတ်ကြည်လင်ခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ ခန္ဒာကိုယ်ပေါ့ပါး သွက်လက်ခြင်း၊ စိဖိစီးမှု လျော့ကျခြင်း၊ နှလုံးကျန်းမာရေး အထောက်အကူပြုခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ဦးနှောက်ကြည်လင် လန်းဆန်းစေခြင်း၊ တွေးခေါ်နိုင်စွမ်းကို ပိုမိုတိုးတက်စေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း စသည့်ကျန်းမာရေး အကျိုးကျေးများရရှိစေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့