Select Page

ပင်လောင်း ဧပြီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပထမအကြိမ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီလ(၃)ရက်မွန်းတည့် ၁၂ နာရီအချိန်က ရင်းမှီးဘုန်းတော်ကျောင်း၌ စတင်ဖြေဆိုသည်။
အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ပင်လောင်းမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း(ဒွေမာတိကာ၊ဓမ္မပဒ ဘာသာ) စာမေးပွဲတွင် သံဃာ (၁၀)ပါး၊ ပထမလတ်တန်း(ဒွေမာတိကာ၊ဓမ္မပဒ ဘာသာ) စာမေးပွဲတွင်သံဃာနှင့်သီလရှင် (၁၀)ပါး ရှိရာ ဖြေဆို(၉)ပါး ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်း (ဘိက္ခုပါတိမောက်ဘာသာ) စာမေးပွဲတွင် စာရင်း(၃၇)ပါးရှိရာ စာမေးပွဲတွင် ဖြေဆိုသံဃာ (၃၃)ပါး ပျက်ကွက်(၄)ပါး၊ အခြေပြုမူလတန်း (ဝိနည်းကျင့်ဝတ်ဘာသာ) စာမေးပွဲတွင် စာရင်း(၁၁၉)ပါးရှိရာ ဖြေဆိုသံဃာ (၁၀၂)ပါး ပျက်ကွက်(၁၇)ပါးရှိပြီး၊ ပထမကြီးတန်း/ပထမလတ်တန်း/ပထမငယ်တန်းနှင့်အခြေပြုမူလတန်းတွင် ဖြေဆိုသံဃာနှင့်သီလရှင် စုစုပေါင်း (၁၅၄)ပါးနှင့် ဖယ်ခုံမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ဖြေဆိုသံဃာ စုစုပေါင်း(၄၂)ပါး ဖြေဆိုခဲ့ကြသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ ရက်သတ္တပတ် ခုနစ်ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး